Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လှိုင်းဘွဲမြို့နယ် ပညာရေးငွေစုငွေချေးသမဝါယမအသင်း (လီမိတက်)နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်‌အဖွဲ့ရွေးချယ်


26 Aug,2026

ဘားအံ ဩဂုတ် ၂၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကရင်ပြည်နယ်သမဝါယမဦးစီးဌာန လှိုင်းဘွဲမြို့နယ်သမဝါယမဦးစီးဌာနက ပညာရေးငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင် အဖွဲ့ရွေးချယ်ပွဲကို ဩဂုတ်လ ၂၄ ရက်က လှိုင်းဘွဲမြို့နယ် ပညာရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပညာရေးငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)၏ သဘာပတိက အဖွင့်အမှာ စကားပြောကြားပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့၏လုပ်ငန်းအစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေမှုစာရင်းနှင့် စာရင်းစစ်အစီရင်ခံစာ ရှေ့လုပ်ငန်းစဉ်များအား တာဝန်ရှိသူများက ဖတ်ကြားပြီး တက်ရောက်လာကြသော အသင်းသားများထံ အတည်ပြုချက် ရယူခဲ့ကြသည်။

ထို့နောက် အမှုဆောင်အဖွဲ့ပြန်လည်ရွေးချယ်ပွဲကိုကျင်းပရာ မြို့နယ်အဆင့်ဖွဲ့စည်းရေး ကော်မတီ (ဥက္ကဋ္ဌ)က  သမဝါယမအသင်းဥပ‌ဒေကို ပြင်ဆင်သည့်ဥပဒေပါ ပြဌာန်းချက်များအတိုင်း အမှုဆောင်အဖွဲ့ ရွေးချယ်ပုံနည်းစနစ်၊ လိုက်နာရမည့်စည်းကမ်းချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြား၍ တက်‌ရောက်လာကြသော အသင်းသားများ၏ အဆိုပြု ထောက်ခံချက်များအတိုင်း အမှုဆောင်နှင့်အသင်းစာရင်းစစ်များအား ရွေးချယ် တင်မြှောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

ကရင်ပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်