Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရွှေပဒေသာ ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမီတက် အစည်းအဝေး ကျင်းပ


27 Aug,2026

ငါန်းဇွန်  ဩဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ် ဝန်ထမ်းပေါင်းစုံရွှေပဒေသာ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မြို့နယ်သမဝါယမဦးစီးဌာနတွင် ကျင်းပသည်။

ဦးစွာ ငါန်းဇွန်မြို့နယ်ဝန်ထမ်းပေါင်းစုံ ရွှေပဒေသာငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသော မြို့နယ်ကျန်းမာရေးဌာနမှ ဦးကြည်နှင်းနှင့် မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းကိုကိုတို့က အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍  အမှုဆောင်ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို အတွင်းရေးမှူး ဒေါ်လှလှက ဖတ်ကြားတင်ပြီး အသင်းအမှုဆောင်အဖွဲ့တာဝန်ရှိသူတစ်ဦးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရှုံးအမြတ်စာရင်း၊ လက်ကျန်ရှင်းတမ်းများ၊ အမြတ်ခွဲဝေရှင်းတမ်းများ၊ အသင်းဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့်ပတ်သက်၍တင်ပြရာ အသင်းသူ၊ အသင်းသားများက အတည်ပြု လက်ခံကြပြီး အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်ခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်