ဘားအံ ဩဂုတ် ၂၇
ကရင်ပြည်နယ် ဘားအံမြို့နယ်သမဝါယမဦးစီးဌာနက မြသီရိရောင်းဝယ်ရေး သမဝါယမအသင်း (လီမိတက်)၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ ရွေးချယ်ပွဲကို အဆိုပါ သမဝါယမအသင်း၏ ရုံးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြသီရိရောင်းဝယ်ရေးသမဝါယမအသင်း(လီမိတက်)၏ သဘာပတိက အဖွင့်အမှာစကား ပြောကြားပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ၊ ဘဏ္ဍာရှင်းတမ်း၊ အမြတ်ခွဲဝေမှုစာရင်းနှင့် စာရင်းစစ်အစီရင်ခံစာရှေ့လုပ်ငန်းစဉ်များကို တာဝန်ရှိသူများက ဖတ်ကြားကြပြီး တက်ရောက်လာကြသောအသင်းသားများထံ အတည်ပြုချက်ရယူ၍ အစုပေါ်အမြတ်ငွေများ၊ အမှုဆောင်ဆု များပေးအပ်ခဲ့ကြသည်။
ထို့နောက် အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ပွဲကို ကျင်းပရာ တက်ရောက်လာကြသော အသင်းသား များ၏ အဆိုပြုထောက်ခံချက်များအတိုင်း အမှုဆောင်နှင့် အသင်းစာရင်းစစ်များကို ရွေးချယ်တင်မြှောက် ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်