Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မုံရွာ၌ လပ်ကီးရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့သစ် ပြန်လည်ရွေးချယ်ပွဲအခမ်းအနားကျင်းပ


25 Aug,2026

မုံရွာ ဩဂုတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ လပ်ကီးရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့သစ် ပြန်လည်ရွေးချယ်ပွဲ အခမ်းအနားအား ထန်းတောရပ်ကွက်၊ အသင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါအစည်းအဝေးတွင် မုံရွာမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်လွင်က အသင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းလုပ်ငန်းများကို အသင်းသား များအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားပြီး သမဝါယမအသင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း အသင်း၏ အမှုဆောင်(၃)ဦးနှင့် အသင်းစာရင်းစစ် (၂)ဦးတို့အား တက်ရောက်လာသော အသင်းသားများ၏ အဆိုပြုထောက်ခံချက်များအတိုင်း ညှိနှိုင်းရွေးချယ်အတည်ပြုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖိုးချမ်း

စစ်ကိုင်းတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်