မောက်မယ် သြဂုတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ငွေလမင်း အစိုးရဝန်ထမ်း ပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၅−၂၀၂၆ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မြို့နယ်နမ့်ယွမ်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငွေလမင်း ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင် ရွက်နေသော မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခင်မြင့်ထွေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းချမ်းခိုင် တို့က အမှာစကားပြောကြားပြီး မောက်မယ်မြို့နယ်အမှုဆောင်အဖွဲ့မှ ငွေလမင်း အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၅−၂၀၂၆ ဘဏ္ဍာနှစ် အရှုံးအမြတ်စာရင်း၊ လက်ကျန်ရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်း ရှင်းတမ်းများ၊ သမဝါယမအသင်းဥပဒေ နည်းဥပဒေများပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပတ်သက်၍ ဖတ်ကြားရှင်းလင်းတင်ပြခဲ့ရာ အသင်းသူ၊ အသင်းသားများအားလုံးက အတည်ပြုလက်ခံကြသည်။
ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဝင်များနှင့်တာဝန်ရှိသူများက စုဆောင်းငွေ ကျပ်(၁၀)သိန်းနှင့်အထက် စုဆောင်းငွေရှိသူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသော အသင်းသား/အသင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်