Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

‌အောင်လံမြို့နယ် မအူခုံကျေးရွာ၌ RBF စီမံကိန်းမိတ်ဆက်ရှင်လင်းခြင်းနှင့် ကော်မတီဖွဲ့စည်း


25 Aug,2026

‌အောင်လံမြို့နယ် မအူခုံကျေးရွာ၌ RBF စီမံကိန်းမိတ်ဆက်ရှင်လင်းခြင်းနှင့် ကော်မတီဖွဲ့စည်း

‎************************************************************************

‎အောင်လံ          ဩဂုတ်         ၂၅

‎‎သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မအူခုံကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်း မိတ်ဆက်ရှင်လင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းအခမ်း အနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ စုရပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

‎‎အခမ်းအနားတွင် အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီက ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။

‎‎ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံကိန်းလက်စွဲစာစောင်ပါ ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရန်အချက်များနှင့် တာဝန်များကို ရှင်းလင်းပြောကြားသည်။

‎‎ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာသူ ကျေးရွာသားများ၏ အများသဘော ဆန္ဒအရ RBF စီမံကိန်းကော်မတီဝင် ၅ ဦးကို ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

‎‎အဆိုပါကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်းဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အစုအဖွဲ့စနစ်ဖြင့်ဆောင်ရွက်သွာမည်ဖြစ်ကြောင်း၊ RBF စီမံကိန်းဆောင်ရွက်ခြင်းကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်