Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မော်လမြိုင်ကျွန်းမြို့နယ်၌ ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


27 Aug,2026

မော်လမြိုင်ကျွန်း ဩဂုတ် ၂၆

       ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ တိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးပိုင်မင်းစိုးနှင့် တံတားတည်ဆောက်ရေးမှ တာဝန်ရှိသူများက ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်အတွင်း မော်လမြိုင်ကျွန်းမြို့နယ် မော်ကျွန်း - ဘိုကလေး ကားလမ်းတာမှ ကျီးချောင်း-ကျုံလတာလမ်းပေါ်ရှိ ကွန်ကရစ်တံတား ပေ ၁၀၀ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုကို ယမန်နေ့က ကြည့်ရှုစစ်ဆေးပြီး ကျေးလက်လမ်းများ ရာသီမရွေးသွားလာနိုင်ရေး၊ လမ်းတံတားလုပ်ငန်းများ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းများသတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးတို့အတွက် လိုအပ်သည်များ မှာကြားခဲ့သည်။

ရဲကိုမောင်(ပြန်/ဆက်)

ရဲကိုမောင်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်