Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဖျာပုံမြို့၌ ပြုပြင်တည်ဆောက်နေသည့် တံတားအား ကြည့်ရှုစစ်ဆေး


27 Aug,2026

ဖျာပုံ ဩဂုတ် ၂၆

           ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ကျုံကဒွန်းကျေးရွာ ပဆင - ကျုံကဒွန်းလမ်းပေါ်ရှိ ကျုံကဒွန်းကျေးရွာ ရွာလယ်တံတားသို့ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန တိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ် (မြို့ပြ)နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးသည်။

       ထိုသို့ ပြုပြင်တည်ဆောက်နေသည့်တံတားအား ကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ် (မြို့ပြ)သည် ကျုံကဒွန်းကျေးရွာ ပဆင-ကျုံကဒွန်းလမ်းပေါ်ရှိ ကျုံကဒွန်းကျေးရွာ ရွာလယ်တံတားအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ နည်းပညာပံ့ပိုး ကူညီမှုဖြင့် သစ်သားကြမ်းခင်းတံတားမှ ကွန်ကရစ်ကြမ်းခင်းတံတားအဖြစ် အလှူရှင်က လှူဒါန်းပြုပြင်တည်ဆောက်နေခြင်းကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်