တိုက်ကြီး ဩဂုတ် ၂၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် သမဝါယမဦးစီးဌာနတွင် သမဝါယမစနစ်ကို အခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးစနစ် ပီပြင်စွာပေါ်ပေါက်လာစေရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားသို့တက်ရောက်လာသည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်စီမံခန့်ခွဲရေးကော်မတီဥက္ကဌတို့ တက်ရောက် အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်က သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသောစိုက်ပျိုးရေး လုပ်ငန်း (Cooperative Base Farming Project (CBFP) နှင့် သက်တန့်ရောင်စီမံကိန်း ဆောင်ရွက် နေမှုများ၊ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းဆွေးနွေး ရာ တက်ရောက်လာသည့်တောင်သူများမှလည်း သိလိုသည်များ မေးမြန်းများခြင်းအပေါ် ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်နှင့် တာဝန်ရှိသူများက ဘဲကောင်ရေ ၁၂၀၀၀ မွေးမြူထားသည့် ရန်လုံးနိုင်ကျေးရွာရှိ ပိုင်ရှင်ဦးမျိုးနိုင်၏ ဘဲခြံအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်