မြန်အောင် ဩဂုတ် ၂၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် သမဝါယမဦးစီးဌာန၊ ကြံခင်းမြို့နယ်သမဝါယမဦးစီးဌာန၊ အင်္ဂပူမြို့နယ်သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဦးစီးဌာနတို့မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးသန့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဌေးဝင်း၊ ဦးအောင်ဝင်းဆွေ၊ ဦးနိုင်မင်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးဦး၊ ဦးမျိုးမင်းသန့်၊ ဦးစိုးပိုင်နှင့် ဦးခင်မောင်ဇော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ စီမံကိန်း AD များနှင့် မြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ တွေ့ဆုံရာ သမဝါယမဦးစီးဌာနမှ သမဝါယမစနစ် ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးစနစ် (CBFP) ဆောင်ရွက်နိုင်ရေး၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးအတွက် မြေပဲစိုက်ပျိုးသော သမဝါယမအသင်းများအတွက် တစ်ဧကလျှင် ငွေကျပ် လေးသိန်းနှုန်းဖြင့် တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေ တင်ပြတောင်းခံထားရှိမှုကို ချပြ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်