Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၆ခုနှစ်၊ အလုပ်သင်နှင့်အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (INTERNSHIP & CAREER FAIR 2026) ကျင်းပ


28 Aug,2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် အလုပ်သင်နှင့်အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Internship and Career Fair 2026) ကို ယနေ့နံနက်         ၉ နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင်   ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက အဖွင့်အမှာစကားပြောကြားရာ၌ “ယနေ့အခမ်းအနားသည် ပုံမှန်အလုပ်အကိုင် အခွင့်အလမ်းပြပွဲတစ်ခုထက် ပိုမိုအရေးကြီးပြီး ကျောင်းသား၊  ကျောင်းသူများအနေဖြင့် တက္ကသိုလ်တွင် သင်ယူထားသောပညာရပ်နှင့် လက်တွေ့လုပ်ငန်းခွင်ကြားက တံတားတစ်စင်း ဖြစ်ပါကြောင်း၊ မိမိတို့ တက္ကသိုလ်အနေဖြင့် Job-oriented University ဖြစ်စေရေး ဆောင်ရွက်ရာတွင်  အသိပညာ (Knowledge) တစ်ခုတည်းဖြင့် မလုံလောက်ဘဲ လက်တွေ့အသုံးပြုနိုင်သည့် ကျွမ်းကျင်မှု (Skill)၊ တာဝန်ယူမှု၊ စည်းကမ်းရှိမှု၊ ရိုးသားမှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် Professional Attitude များကို တက္ကသိုလ်မှ လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း၊ စာသင်ခန်းအတွင်း သင်ယူခြင်းနှင့် လက်တွေ့လုပ်ငန်းခွင် လုပ်ကိုင်ရခြင်းတို့၏ ကွာခြားချက်များကို Internship မှတစ်ဆင့် လက်တွေ့လေ့လာနိုင်မည်ဖြစ်ပြီး Leadership နှင့် Teamwork တို့ကို နားလည်သဘောပေါက်စေမည်ဖြစ်ကြောင်း၊ အလုပ်အကိုင် ရွေးချယ်ရာတွင် လစာတစ်ခုတည်းကို မကြည့်ဘဲ Learning Opportunity, Career Growth, Working Environment နှင့် Professional Development စသည်တို့ကို စဉ်းစားကြရန်လိုကြောင်း၊ HR Manager များ၊ CEO များနှင့် တိုက်ရိုက် တွေ့ဆုံ၍ မိမိတို့၏ အားသာချက်၊ အားနည်းချက်များကို ဆန်းစစ်ပြင်ဆင်ကာ အနာဂတ် Future Professional များအဖြစ် ပိုင်ပိုင်နိုင်နိုင် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ တက္ကသိုလ်အနေဖြင့် Job-oriented, Research- oriented နှင့် Quality-oriented University ဖြစ်လာစေရန် အဆင့်ဆင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကျင်းပသည့် အလုပ်သင်နှင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Internship and Career Fair 2026) တွင် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် သမဝါယမအသင်းများ၊ ဘဏ်များ၊ ကုမ္ပဏီနှင့်အဖွဲ့အစည်းများမှပေးအပ်သော အလုပ်သင် အခွင့်အလမ်း (Internship Opportunities) များနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို တိုက်ရိုက် လျှောက်ထားနိုင်သည့်အပြင် လုပ်ငန်းရှင်များနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးခွင့်များ ရရှိမှာဖြစ်ပြီး  ယနေ့ ရရှိသည့် အခွင့်အလမ်းများကိုအလေးအနက်ထားပြီး မိမိတို့၏ Career Path များကို မှန်ကန်စွာရွေးချယ်ကြရန် တိုက်တွန်းမှာကြား ခဲ့ကြောင်း” သိရှိရပါသည်။
ဆက်လက်၍ ဖိတ်ကြားထားသော သမဝါယမအသင်း၊ ဘဏ်များ၊ ကုမ္ပဏီအဖွဲ့အစည်းများမှ တာဝန်ရှိသူများက Organization Profile များ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။  ၎င်းနောက် တက်ရောက်လာသော ကုမ္ပဏီအဖွဲ့အစည်းများ၊ ဘဏ်များမှ တာဝန်ရှိသူများအား  ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ မှတ်တမ်းဓာတ်ပုံများရိုက်ကူးပြီး ပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များက အလုပ်သင်နှင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲသို့ လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ ယနေ့ပြပွဲတွင် တက္ကသိုလ်၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် သမဝါယမအသင်းနှင့်ကုမ္ပဏီအဖွဲ့အစည်းများ၊ ဘဏ်များ၊ စုစုပေါင်း (၂၄)ခု လာရောက်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါအခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှု   ပညာတက္ကသိုလ်(သန်လျင်)၊ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ သမဝါယမအသင်း၊ ကုမ္ပဏီအဖွဲ့အစည်းများ၊ ဘဏ်များမှ လုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များ၊ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊  မဟာဘွဲ့သင်တန်း၊ ဘွဲ့ကြို/ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၆၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်