Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမကဏ္ဍမှ ဆောင်ရွက်နေသည့် လုပ်ငန်းစီမံကိန်းများ ရှင်းလင်းဆွေးနွေး


30 Aug,2026

မော်လမြိုင် ဩဂုတ် ၃၀

 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မွန်ပြည်နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများသည် ၉-၈-၂၀၂၆ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၌ လည်းကောင်း၊ ၁၀-၈-၂၀၂၆ ရက်နေ့တွင် မော်လမြိုင်မြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင်လည်းကောင်း၊ ၂၆-၈-၂၀၂၆ ရက်နေ့တွင် မုဒုံမြို့နယ်၌လည်းကောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတို့၌ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ သမဝါယမကဏ္ဍမှ ဆောင်ရွက်နေသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း၊ သက်တန့်ရောင်စီမံကိန်းနှင့် သမဝါယမစနစ်ကို အခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးစနစ်ပီပြင်စွာ ပေါ်ပေါက်လာစေရေး စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ငါးနှစ်စီမံကိန်းလျာထားရေးဆွဲခြင်း အပေါ် ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ကြသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်