Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သနပ္ပင်မြို့နယ်၌ စနစ်ကျသောစိုက်ပျိုးရေးစနစ် ဆောင်ရွက်မည့်တောင်သူများနှင့်တွေ့ဆုံ


31 Aug,2026

သနပ္ပင် ဩဂုတ် ၃၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး နှင့်တာဝန်ရှိသူများသည် သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်း ဆောင်ရွက်သည့် စနစ်ကျသောစိုက်ပျိုးရေးစနစ် စီမံကိန်းဆောင်ရွက်ရန်အတွက် ယမန်နေ့က သနပ္ပင်မြို့နယ် ကမာဖရံကျေးရွာ၌ ဆောင်ရွက်သည်။

စုပေါင်းဆောင်ရွက်

ဦးစွာ ကမာဖရံကျေးရွာရှိ မြစိမ်းရောင် စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ စနစ်တကျလယ်ယာမြေ ဖော်ဆောင်ရန်အတွက် တစ်ဆက်တစ်စပ်တည်း ဧက ၃၀၀ ရှိသည့် အသင်းသားတောင်သူ ၈၀ ဦးနှင့်တွေ့ဆုံပြီး  လက်ထောက်ညွှန်ကြားရေးမှူးက သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသောစိုက်ပျိုးရေးစနစ်ကို ဆောင်ရွက် ခြင်းဖြင့် သီးနှံများ စုပေါင်းဝယ်ယူ၊ စုပေါင်းရောင်းချခြင်းများသည် တောင်သူများအနေဖြင့် ကုန်ကျစရိတ် သက်သာမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်