သထုံ ဩဂုတ် ၃၁
မွန်ပြည်နယ် သထုံမြို့နယ် စေတနာရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ဩဂုတ် ၂၈ ရက်က အဆိုပါ အသင်းရုံး၌ ကျင်းပသည်။
ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန္တာစိုးက အမှာစကားပြောကြားပြီး အသင်း တာဝန်ရှိသူတို့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းတို့ကို ကဏ္ဍအလိုက် ဆွေးနွေးသည်။
ဆက်လက်၍ ပြင်ဆင်သည့် သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေအရ စေတနာရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်မှစတင်ကာ ၅ နှစ်တာ ဆက်လက်တာဝန်ယူ ဆောင်ရွက်ကြမည့် အမှုဆောင်သစ်များကို မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိမှ ဦးဆောင်၍ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ရွေးချယ်ကြကာ အသင်းသားအားလုံးတို့၏ အတည်ပြုချက်ရယူ၍ ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်