လှိုင် ဩဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် လှိုင်မာလာရောင်းဝယ်ရေးသမဝါယမအသင်းလီမီတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်များအတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ်သမဝါယမ ဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
ဦးစွာ လှိုင်မာလာရောင်းဝယ်ရေးသမဝါယမအသင်းလီမီတက်အသင်းဥက္ကဋ္ဌ ဒေါ်စန်းစန်းအေးနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမင်းသန့်က အမှာစကားပြောကြားပြီး အသင်းတာဝန်ရှိသူ များက ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကဏ္ဍအလိုက်ဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမင်းသန့်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေနှင့်အညီ စိစစ်ရွေးချယ်ကာ အသင်းသားအားလုံး၏ အတည်ပြုချက်ရယူ၍ အမှုဆောင်များကို ရွေးချယ်တင်မြှောက်ခဲ့သည်။ ထို့နောက် အသင်းသား ၁၂၀ ဦးတို့ အား အစုပေါ်အမြတ်များနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်