Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ်၌ ညောင်မြင့်လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း၏ အသင်းသားများအား ဒေသနွားမွေးမြူရေးအတွက် ပံ့ပိုးငွေများ ပေးအပ်ပွဲ ကျင်းပ


30 Aug,2026

မိတ္ထီလာ သြဂုတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ညောင်မြင့်လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ အသင်းသားများအား ဒေသနွားမွေးမြူရေးအတွက် ပံ့ပိုးငွေများ ပေးအပ်ပွဲကို သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက ညောင်မြင့်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

ပေးအပ်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်လွင်က သမဝါယမစနစ်ကို အခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသောစိုက်ပျိုးရေးစနစ် (Cooperative- Based Farming Project CBFT) စီမံကိန်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက် ဦးစားပေးရွေးချယ်ဆောင်ရွက်မှု စီမံကိန်းဆောင်ရွက်ရာတွင် သတ်မှတ်ထားရှိမှုများအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင် ဦးမြင့်နိုင်က ဒေသနွားမွေးမြူရေးအတွက် ပံ့ပိုးငွေပေးရခြင်း ရည်ရွယ်ချက်နှင့် ချေးငွေများ ပြန်လည်ပေးဆပ်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးမြင့်ဆန်းနှင့် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုးတို့က ဒေသနွားမွေးမြူရေးအတွက် ပံ့ပိုးငွေများ ပေးအပ်ခဲ့သည်။

အဆိုပါ ဒေသနွားမွေးမြူရေးအတွက် မြို့နယ်သမဝါယမအသင်းစုမှ ပံ့ပိုငွေ သိန်း ၄၅၀ နှင့် ညောင်မြင့်လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ ပံ့ပိုးငွေ သိန်း ၉၀ တို့ဖြင့် အသင်းသား ၃၀ ဦးအား ဒေသနွားတစ်ကောင်လျှင် ၁၈ သိန်းနှုန်းဖြင့် ဒေသနွား ၃၀ ကောင်အတွက် ငွေကျပ် သိန်း ၅၄၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်