သင်္ဃန်းကျွန်း သြဂုတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ရွှေကျွန်းရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲအား ငမိုးရိပ်ရပ်ကွက် အ.ထ.က (ခွဲ) လ-၁ ကျောင်းဝန်းခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် အသင်းဥက္ကဋ္ဌ ဦးထွန်းရွှေက သဘာပတိအဖြစ်ဆောင်ရွက်ပြီး သင်္ဃန်းကျွန်းမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်စိုးက အမှုဆောင်သစ်ရွေးချယ်ရာတွင် လိုက်နာရမည့်စည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် အခမ်းအနားမှူးက အစီရင်ခံစာနှင့်ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြားရှင်းလင်းပြီး အသင်းသား(၄၂၁)ဦးအား အစုအပေါ်အမြတ် တစ်ဦးလျင် ၆၅၀၀၀/-ကျပ်နှုန်းဖြင့် စုစုပေါင်း ၂၇.၃၆၅.ဝဝဝ/-ကျပ်အား ထုတ်ပေးပြီး အသင်းသားများ၏အတည်ပြုချက်ဖြင့် အမှုဆောင်သစ်(၅)ဦး ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်