Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရာမညမြေအထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ မော်လမြိုင် ဩဂုတ် ၃၀


30 Aug,2026

မော်လမြိုင် ဩဂုတ် ၃၀

 မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ရာမညမြေအထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက် ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ပြည်နယ်သမဝါယမ ဦးစီးဌာန အစည်းဝေးခန်းမ၌ ဩဂုတ် ၂၅ ရက်က ကျင်းပခဲ့သည်။

 ဦးစွာ အသင်းဥက္ကဌက သဘာပတိအဖြစ်ဆောင်ရွက်ပြီး အသင်း၏လုပ်ငန်းဆောင်ရွက်ချက် များကို ရှင်းလင်းဆွေးနွေးကာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ အမှုဆောင်အဖွဲ့ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို အမှုဆောင်အဖွဲ့ဝင်များက ဖတ်ကြားရှင်းလင်း၍ အသင်းသားများထံမှ အတည်ပြုချက်ရယူခဲ့သည်။

 ဆက်လက်၍ လစ်လပ်အမှုဆောင်တစ်ဦးကို အသင်းသားများထံမှ အတည်ပြုချက် ရယူပြီး အစားထိုး ရွေးချယ်တင်မြှောက်ခဲ့သည်။ ၎င်းနောက်အသင်းအမှုဆောင်များက အသင်းသား တစ်ဦးချင်းစီသို့ ဆီနှင့်ကြက်ဥများ ထောက်ပံ့ပေးအပ်ပြီး အစုပေါ်အမြတ်နှင့် စုဆောင်းပေါ် အတိုးများအား ခွဲဝေပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်