Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သထုံမြို့နယ် ခရိုင်ဝန်ထမ်းပေါင်းစုံ(ဂျီအီးစီ)သမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ ရွေးချယ်ပွဲ ကျင်းပ


30 Aug,2026

သထုံ ဩဂုတ် ၃၀

 မွန်ပြည်နယ် သထုံမြို့နယ် ခရိုင်ဝန်ထမ်းပေါင်းစုံ(ဂျီအီးစီ)သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ဩဂုတ် ၂၅ ရက်က သထုံမြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပသည်။

 ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာစိုးက အမှာစကား ပြောကြားပြီး အသင်းတာဝန်ရှိသူတို့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ချက်များနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းတို့ကို ကဏ္ဍအလိုက် ဆွေးနွေးကြသည်။

 ဆက်လက်၍ ပြင်ဆင်သည့် သမဝါယမအသင်းဥပဒေအရ အားမာန်သစ် ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှစတင်ကာ ငါးနှစ်တာ ဆက်လက် တာဝန်ယူဆောင်ရွက်ကြမည့် အမှုဆောင်သစ်များကို မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိမှ ဦးဆောင်၍ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ရွေးချယ်ကြပြီး အသင်းသား အားလုံးတို့၏ အတည်ပြုချက်ရယူကာ ဖွဲ့စည်းပေးပြီး အသင်းသားများသို့ အစုပေါ်အမြတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်