Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မေခလာ(ပညာရေး)ငွေစု‌‌ငွေချေးသမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်ပွဲကျင်းပ


31 Aug,2026

ကြို့ပင်ကောက် ဩဂုတ် ၃၁

ပဲခူးတိုင်း‌ဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် မေခလာ(ပညာရေး) ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်ပွဲကို ယမန်နေ့က အထက(ပန်းတင်)ကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် မေခလာ(ပညာရေး)ငွေစု‌ငွေချေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးမင်းဇော်က အသင်း ဆိုင်ရာကိစ္စရပ်များ ရှေ့လုပ်ငန်းစဉ်များကို အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးသန်းဌေး၊ မြို့နယ်အသင်းစုဥက္ကဋ္ဌ ဦးကျော်မြင့်တို့က အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်၊ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေနှင့် သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ရမည့်အချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အသင်းမှတာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် အမှုဆောင်ဒါရိုက်တာ အဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းတို့ကို ဖတ်ကြားတင်ပြခဲ့ကာ အသင်းသားများ၏ တက္ကသိုလ်ဝင်တန်းအောင် သားသမီးများအား ပညာသင်ထောက်ပံ့ကြေးများနှင့် အသင်းသား ၃၄၅ ဦး၏ စုဆောင်းငွေအပေါ် ရရှိမည့်အတိုးနှင့် အစုအပေါ်အမြတ် ၃၁၉၃၃၀၀ ကျပ်တို့ကို တာဝန်ရှိသူများမှ ပေးအပ်ခဲ့ပြီး အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်ခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်