Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကရင်ပြည်နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများငွေစုငွေချေးသမဝါယမအသင်း(လီမိတက်) ၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲကျင်းပ


31 Aug,2026

ဘားအံ ဩဂုတ် ၃၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကရင်ပြည်နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲကို ဩဂုတ် ၂၇ ရက်က ဘားအံမြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးတွင် ကရင်ပြည်နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများငွေစုငွေချေးသမဝါယမ အသင်း(လီမိတက်) ဥက္ကဋ္ဌ ဒေါ်မြင့်ဌေးခိုင်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အသင်း၏ လုပ်ငန်း ဆောင်ရွက်နေမှုများ၊ အသင်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို ဝိုင်းဝန်းကူညီ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားပြီး အမှုဆောင်ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများ၊ အမြတ်ခွဲဝေမှုစာရင်းနှင့် အသင်းစာရင်းစစ်အစီရင်ခံစာ များကို ဖတ်ကြားရှင်းလင်း၍ တက်ရောက်လာကြသောအသင်းသားများအား အစုပေါ်အမြတ်‌‌‌ငွေနှင့် ထောက်ပံ့ငွေများကိုပေးအပ်သည်။

 ထို့နောက် အမှုဆောင်အဖွဲ့ပြန်လည်ရွေးချယ်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်အဆင့်ဖွဲ့စည်းရေး ကော်မတီ(ဥက္ကဋ္ဌ) ဒေါ်မျိုးမျိုးထွေးက အသင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၏လုပ်ငန်းများကို အသင်းသားများအားလုံး တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ကြရန်နှင့်   သမဝါယမအသင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေပါပြဌာန်းချက်များအတိုင်း အမှုဆောင် ၅ ဦးနှင့် အသင်းစာရင်းစစ် ၂ ဦးတို့ အား  ရွေးချယ်အတည်ပြုခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

ကရင်ပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်