ညောင်ဦး ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အောက်ရှိ ဌာန ၄ ခုမှ မြို့နယ်အဆင့်စီမံကိန်းရေးဆွဲရေး ကော်မတီဝင်များသည် လွတ်တော် ကိုယ်စားလှယ်များနှင့် အစည်းအဝေးပွဲကို ညောင်ဦးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးရုံး အစည်းအဝေးခန်းမ၌ ဩဂုတ် ၁၄ ရက်က ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိဌာန ၄ ခုမှ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများနှင့် စီမံကိန်းရေးဆွဲထားရှိမှုများ ဆွေးနွေးတင်ပြကြရာ သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဖြိုးဝေက သမဝါယမလုပ်ငန်းများ ထိရောက်အကောင်အထည်ဖော်ရေး မဟာဗျူဟာများ၊ သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေး စနစ် (CBFP) စီမံကိန်းဆောင်ရွက်မည့်စနစ်၊ သက်တန့်ရောင်စီမံကိန်းများနှင့် လက်ရှိမြို့နယ်အတွင်း ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းပိုနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးတို့မှ စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်