သထုံ ဩဂုတ် ၃၁
မွန်ပြည်နယ် သထုံမြို့နယ် ဓနသိဒ္ဓိရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါအသင်းရုံး၌ ကျင်းပသည်။
ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဒေါ်သင်းသင်းက အမှာစကားပြောကြားပြီး အသင်းတာဝန်ရှိသူတို့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ချက်များနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းတို့ကို ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြင်ဆင်သည့်သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေအရ ဓနသိဒ္ဓိရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်မှစတင်ကာ ၅ နှစ်တာ ဆက်လက်တာဝန်ယူ ဆောင်ရွက်ကြမည့် အမှုဆောင်သစ်များကို မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူးမှ ဦးဆောင်၍ သမဝါယမ အသင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ရွေးချယ်ကြကာ အသင်းသားအားလုံးတို့၏ အတည်ပြုချက် ရယူ၍ ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်