Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်ကြီးနားခရိုင် ဝန်ထမ်းပေါင်းစုံ (ဂျီအီးစီ) သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


31 Aug,2026

မြစ်ကြီးနား သြဂုတ် ၃၁

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝန်ထမ်းပေါင်းစုံ (ဂျီအီးစီ) သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့က ပြည်နယ်သမဝါယမ ဦးစီးဌာနရုံး ဆွတ်ဂျာအိန်ခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးတွင် အသင်းစားကိုယ်စား ၁၅၀ ဦးတို့ တက်ရောက်ခဲ့ကြပြီး ကချင်ပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှမြင့်က ဝန်ထမ်းပေါင်းစုံငွေစုငွေချေး ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ငွေစုတတ်သည့် အလေ့အကျင့်ကောင်းများကြောင့် ဝန်ထမ်းများ စားဝတ်နေရေး၊ လူမှုရေးလုပ်ငန်းများတွင် အကျိုးပြုသည့်အချက်များကို ရှင်းလင်းပြောကြားပြီး သဘာဝပတိနှင့် သမဝါယမအသင်းသားများက အမှုဆောင်အသစ်များ ရွေးချယ်တာဝန်ပေးခြင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်အတွက် အမှုဆောင်အဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်း စစ်ဆေးချက် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း၊ အသင်းသားများမှ အကြုံပြုဆွေးနွေးခြင်းနှင့် အမှုဆောင်အဖွဲ့၏ အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများကို အတည်ပြုခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)

ကချင်ပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်