Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းဆတ်မြို့၌ ပညာရေး (GEC)နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အသစ်ရွေးချယ်ခြင်း ကျင်းပ


01 Sep,2026

မိုင်းဆတ် စက်တင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် ပညာ‌ရေး (GEC) သမဝါယမအသင်းလိမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အသစ် ရွေးချယ် ခြင်းအခမ်းအနားကို  ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်းခွဲ (အ.လ.က-၂) တွင် ကျင်းပ သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအားလွန်၊ မြို့နယ်သမဝါယမဦးစီး ဌာန ဦးစီးအရာရှိ ဒေါ်သူဇာခင်နှင့်အသင်းဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာလွင်တို့က အမှာစကား  ပြောကြားပြီး ဒါရိုက်တာအဖွဲ့၏ ၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာရေးရှင်းတမ်းကို စာရင်းစစ် ဒေါ်သူဇာဝင်းနှင့် နှစ်ချုပ်အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို ဒေါ်ဝါဝါဇော်က ဖတ်ကြားကာ သဘာပတိ၏ အတည်ပြု ချက်ရယူသည်။

ထို့နောက် အသင်းသားများ၏ စုဆောင်းငွေအပေါ်အတိုးကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအားလွန်က  ပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူပြီး အမှုဆောင်အသစ်ရွေးချယ် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(မိုင်းဆတ်)

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်