Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝါးခယ်မမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မြတ်ပညာငွေစုငွေချေးနှင့် ပညာရေးဝန်ထမ်းများ သမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


01 Sep,2026

ဝါးခယ်မ စက်တင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် မြတ်ပညာငွေစုငွေချေး သမဝါယမ အသင်းလီမိတက်နှင့် (GEC) ပညာရေးဝန်ထမ်းများသမဝါယမအသင်းလီမိတက်တို့၏ ၂၀၂၅-၂၀၂၆ ဘ‌ဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို သြဂုတ် ၂၉ ရက်​က ဒေါ်ပိုက်မိခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြတ်ပညာငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ သဘာပတိမှ အဖွင့် အမှာစကားပြောကြားပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်း၊ ရှေ့လုပ်ငန်းစဉ်များအား အမှုဆောင်အဖွဲ့မှ ဖတ်ကြားပြီး တက်‌ရောက်လာသော အသင်းသားများထံမှ အတည်ပြုချက်များရယူခဲ့ကြသည်။

ထို့နောက် အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ပွဲကိုကျင်းပရာ မြို့နယ်အဆင့်ဖွဲ့စည်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်တူးတူးလွင်က သမဝါယမအသင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း အမှုဆောင်အဖွဲ့ရွေးချယ်ပုံနည်းစနစ်၊ လိုက်နာရမည့်စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက် များအား ရှင်းလင်းပြောကြား၍ တက်ရောက်လာကြသော အသင်းသားများ၏ အဆိုပြုထောက်ခံချက် များအတိုင်း လစ်လပ်သွားသောအမှုဆောင်နှင့် အသင်းစာရင်းစစ်များအား သတ်မှတ်ချက်နှင့်အညီ အစားထိုးရွေးချယ်တင်မြှောက်ခဲ့ကြပြီး တက်ရောက်လာ​သောအသင်းသားများအား အကျိုးဝေစုများကို ခွဲဝေပေးခဲ့ကြောင်း သိရသည်။

ရီရီလွင်(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်