Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမကောလိပ် (မန္တလေး)၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် Year-End Student Activity Showcase အခမ်းအနားကျင်းပ


02 Sep,2026

ပုသိမ်ကြီး စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ် (မန္တလေး)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Year-End Student Activity Showcase အခမ်းအနား ကျင်းပကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကောလိပ်ရှိ ရန်ကင်းခန်းမ၌ ကျင်းပသည်။

ဦးစွာ သမဝါယမကောလိပ်(မန္တလေး)ကျောင်းအုပ်ကြီး ဒေါက်တာတင်မူအေးက အမှာစကား ပြောကြားပြီး မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးထွန်းလှိုင်က သမဝါယမ အသင်း လုပ်ငန်းစဉ်များအကြောင်းကို မိတ်ဆက်ပြောကြားပြီး စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း များကို ခင်းကျင်းပြသရောင်းချသည်။

ဆက်လက်၍ တန်းခွဲ(၇)ခုမှ ကျောင်းသားများ၏ presentation ပြုလုပ်၍ ကုန်ထုတ်အသင်း၊ ကုန်သွယ်အသင်းတို့၏ presentation နှင့်ပတ်သက်၍ အ‌ထွေထွေဆွေးနွေးခဲ့ပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 ရွှေရန်ကင်း

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်