ဇီးကုန်း စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် မြောက်လွှတ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ဩဂုတ် ၂၉ ရက်က သမဝါယမစနစ်ကို အခြေခံ၍ တစ်ဆက်တစ်စပ်တည်းဧက ၁၂၀ ကို စနစ်တကျ လယ်ယာမြေဖော်ဆောင်ရန်အတွက် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသည် ဒေသခံတောင်သူများ၊ သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိက သမဝါယမစနစ်ကို အခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးစနစ်ကို ဆောင်ရွက်ခြင်းကြောင့် တောင်သူများ အနေနှင့် သီးနှံများ စုပေါင်းဝယ်ယူ၊ စုပေါင်းရောင်းချသည့်အတွက် ကုန်ကျစရိတ် သက်သာမည် ဖြစ်ကြောင်း၊ အသင်းသားများထည့်ဝင်သည့် ကုန်ကျစရိတ်အချိုးအစား ပမာဏအတိုင်း ရရှိသည့် သီးနှံအပေါ် ခွဲဝေရယူရမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် မြေယာဝန်ဆောင်ခ ရရှိမည်ဖြစ်ပြီး သက်ဆိုင်ရာစျေးကွက်နှင့် တိုက်ရိုက်ချိတ်ဆက်ရောင်းချနိုင်မည်ဖြစ်သဖြင့် စျေးနှိမ်မခံရဘဲ စျေးကောင်း ရရှိမည်ဖြစ်သည့်အတွက် တောင်သူများ တစ်ဧက အကျိုးအမြတ် ပိုမိုရရှိမည်ဖြစ်ကြောင်း အသင်းသားတောင်သူများအား နားလည်သဘောပေါက်စေရန် ချပြရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်