Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပပြုလုပ်


01 Sep,2026

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပပြုလုပ်

နေပြည်တော် စက်တင်ဘာ ၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝန်ထမ်း ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၁၀:၀၀နာရီ အချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

          အခမ်းအနားတွင် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦး‌မျိုးနိုင်အောင်က အဖွင့်အမှာစကား ပြောကြား သည်။

          ဆက်လက်၍ ညွှန်ကြားရေးမှူး(စီမံ)က ယခင်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ က တင်ပြချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအား ဖတ်ကြားတင်ပြပါသည်။

          ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဝန်ထမ်းများအား လိုအပ်သည်များ ရှင်းလင်း မှာကြားပေးပါသည်။ 

ဆက်လက်၍ ဌာနခွဲများအလိုက် အများနှင့်သက်ဆိုင်ရာများကို ဆန္ဒဖော်ထုတ်ပေးခဲ့ကြပြီး ခေတ္တညွှန်ကြားရေးမှူးချုပ်မှ ဆောင်ရွက်ပေးနိုင်သည်များကို ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

ယင်းနောက် ဦးစီးဌာနဝန်ထမ်းများသို့ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဝန်ထမ်းများအား ကြက်ဥများ ထောက်ပံ့ပေးခဲ့ပြီး  ဝန်ထမ်းများကိုယ်စား ဌာနခွဲအလိုက် ဝန်ထမ်း(၂)ဦးစီတို့မှ လက်ခံရယူခဲ့ပါသည်။

အခမ်းအနားသို့ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းပေါင်း ၂၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်