Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကျင်းပ


04 Sep,2026

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၉နာရီအချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦး‌မျိုးနိုင်အောင်က  အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး တက်ရောက်လာကြသည့် သင်တန်းသားတစ်ဦးချင်းစီမှ မိတ်ဆက်စကား ပြောကြား သည်။

အခမ်းအနားသို့ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)ရှိ ဌာနခွဲများနှင့် နေပြည်တော် တိုင်းကျေးလက်မှ သင်တန်းသား၊ သင်တန်းသူ(၂၄)ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး အဆိုပါသင်တန်းကို စက်တင်ဘာလ ၃ရက်နေ့ စတင်ပြီး စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချ‌ပေးမည် ဖြစ်ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်