Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုဗ္ဗသီရိမြို့နယ် ကံသာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး


04 Sep,2026

ပုဗ္ဗသီရိမြို့နယ် ကံသာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

*********************************************
နေပြည်တော် စက်တင်ဘာ ၄  
           သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်‌တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပုဇွန်ဆိပ်ကျေးရွာအုပ်စု၊ ကံသာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ အဌမအကြိမ် ထုတ်ချေးခြင်းကို စက်တင်ဘာ ၃ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်‌ကြောင်း သိရသည်။
         ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုက ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်၊ လိုအပ်သည့် ငွေကြးအရင်းအနှီးများ ရရှိစေရန်၊ စီမံကိန်းမှ တိုးပွားလာသော အတိုးငွေများဖြင့် ကျေးရွာတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်‌စေရန် ရည်ရွယ်၍ စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
         ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၄၆သန်းကို လွှဲပြောင်းပေးအပ်သည်။
        ထို့နောက် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကံသာကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၇၈ဦးကို ငွေကျပ် ၃၂ ဒသမ ၇သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၄၃ဦးကို ငွေကျပ် ၁၁ ဒသမ ၉၅သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ လေးဦးကို ငွေကျပ် ၁ ဒသမ ၃၅သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၂၅ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၆သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
         
နော်လူး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်