Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရွှေတောင်မြို့နယ် ကျေးရွာနှစ်ရွာ၌ VDP စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်


04 Sep,2026

ရွှေတောင်မြို့နယ် ကျေးရွာနှစ်ရွာ၌ VDP စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်

*********************************************
ရွှေတောင် စက်တင်ဘာ ၄  
          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကို စက်တင်ဘာ ၃ရက် နံနက်ပိုင်းက သပြေကုန်းကျေးရွာနှင့် သပြေလှကျေးရွာတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
          ရှေးဦးစွာ ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ခိုင်ဇော်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၏ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ ကျေးရွာသူ၊ ကျေးရွာသားများက ပူးပေါင်းဆောင်ရွက်ပေးရမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
           ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံကိန်းလက်စွဲပါ ကော်မတီဝင်ရွေးချယ်ရာတွင် လိုက်နာရမည့်အချက်များ၊ ကော်မတီဝင်များ၏ တာဝန်ဝတ္တရားများ၊ စီမံကိန်းနှင့် ပတ်သက်၍ ကဏ္ဍတစ်ခုချင်းအလိုက် ရှင်းလင်းပြောကြားသည်။
         ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၏ကြီးကြပ်မှုဖြင့် တက်ရောက်လာကြသော ကျေး‌ရွာသူ၊ ကျေးရွာသားများ၏ သဘောဆန္ဒနှင့်အညီ သပြေကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် ခုနှစ်ဦး၊ သပြေလှကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် ခုနှစ်ဦးကို အသီးသီး ရွေးချယ်ဖွဲ့စည်းပေးခဲ့ ကြောင်း ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ခိုင်ဇော်ထံမှ သိရသည်။
       
         
ဆက်လူ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်