နေပြည်တော် စက်တင်ဘာ ၁
နေပြည်တော် ပျဉ်းမနားခရိုင်အတွင်းရှိ သမဝါယမအသင်းများအား သမဝါယမစနစ်ကို အခြေခံ ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးစနစ် စီမံကိန်းနှင့် သီးနှံသိုလှောင်ရုံ၊ သီးနှံအပ်လက်မှတ် ကြိုတင်ချေးငွေစနစ်ဖြင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းစဉ်များအား ချပြ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ကျင်းပ သည်။
နေပြည်တော်သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများနှင့် လုပ်ငန်းစနစ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပျဉ်းမနားမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ် သမဝါယမဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူး များက သက်ဆိုင်ရာမြို့နယ်အလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ Myanmar Agribusiness Public Co,Ltd မှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်နေမှုများ ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်