Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းဆတ်မြို့၌ ပညာရေးဌာန(GEC) နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲ ကျင်းပ


02 Sep,2026

မိုင်းဆတ် စက်တင်ဘာ ၂

မိုင်းဆတ်မြို့၌ ပညာ‌ရေးဌာန (GEC) သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အသစ်ရွေးချယ်ခြင်းကို ဩဂုတ် ၃၁ ရက်က အခြေခံပညာအထက်တန်းကျောင်းခွဲ (အ.လ.က-၂)၌ ကျင်းပရာ ဒါရိုက်တာ အဖွဲ့၏ ၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာရေးရှင်းတမ်းကို စာရင်းစစ် ဒေါ်သူဇာဝင်းနှင့် နှစ်ချုပ်အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို ဒေါ်ဝါဝါဇော်က ဖတ်ကြားကာ သဘာပတိ၏ အတည်ပြုချက်ရယူသည်။

ထို့နောက် အသင်းသားများ၏ စုဆောင်းငွေအပေါ်အတိုးကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအားလွန်က  ပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူပြီး အမှုဆောင်အသစ်ရွေးချယ် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(မိုင်းဆတ်)

ရှမ်းပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်