ပေါင် စက်တင်ဘာ ၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်အရပ်ရပ်ဆိုင်ရာနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ခြင်းကို အထကပေါင်ရွှေရတုခန်းမ၌ အမှတ် (၁) ပညာရေး ငွေစုငွေချေးသမဝါယမအသင်းလီမိတက်နှင့် အမှတ် (၂) ငွေစုငွေချေးသမဝါယမအသင်း ပြုလုပ်ခဲ့သည်။
ထိုအမှုဆောင်သစ်ရွေးချယ်ပွဲတွင် သဘာပတိအဖြစ်အသင်းဥက္ကဋ္ဌက ဆောင်ရွက်ပြီး မြို့နယ်သမဝါယမဦးစီးအရာရှိ ဒေါ်သင်းသင်းယုနှင့် မြိုနယ်အသင်းစုဥက္ကဋ္ဌတို့မှ အမှာစကား ပြောကြားပြီး အသင်း၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြား၍ အတည်ပြုချက်များ ရယူဆောင်ရွက်ခဲ့ကြပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် အသင်းသား၊ သား၊ သမီး (၂၃) ဦးအား၊ တစ်ဦးလျှင် ငွေကျပ်တစ်သိန်း၊ ဂုဏ်ထူးတစ်ခုလျှင် တစ်သိန်းကျပ်စီ ပေးအပ်ခဲ့ပြီး စုဆောင်းငွေအများဆုံးစုဆောင်းနိုင်သည့် အသင်းသား (၃) ဦး အားဂုဏ်ပြုငွေများ အသီးသီး ချီးမြှင့်ခဲ့သည်။
ထို့နောက် အစည်းဝေးဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် အမှုဆောင်များအားအသင်းသားများ၏ ဆန္ဒအရ ဥက္ကဋ္ဌရွေးချယ်၍ တင်မြှောက် ဆောင်ရွက်ခဲ့ကြပြီး ဥက္ကဋ္ဌအသစ်မှ မိတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်