Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အုတ်တွင်းမြို့နယ်၌ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးစနစ် ဆောင်ရွက်မည့်တောင်သူများနှင့် တွေ့ဆုံ


04 Sep,2026

အုတ်တွင်း  စက်တင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးစနစ် စီမံကိန်းဆောင်ရွက်ရန်အတွက် မြို့နယ်အတွင်းရှိ တစ်ဆက်တစ်စပ်တည်းဧက ရှိသည့် ဒေသခံတောင်သူများနှင့်တွေ့ဆုံပွဲကို စက်တင်ဘာ ၁ ရက်က မြို့နယ်သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က အမှာစကားပြောကြားပြီး သမဝါယမဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးက စနစ်တကျ တစ်ကွင်းတည်း တစ်ဆက်တစ်စပ်တည်း ဧကရှိသည့် ဒေသခံတောင်သူများနှင့် သမဝါယမအသင်းသားတောင်သူများအား သမဝါယမစနစ်ကို အခြေခံ၍ စုပေါင်းဆောင်ရွက်ခြင်းဖြင့် သီးနှံများ စုပေါင်းဝယ်ယူမည်၊ စုပေါင်းရောင်းချမည်ဖြစ်ကာ ကုန်ကျ စရိတ်သက်သာမည်ဖြစ်ကြောင်း၊ ပါဝင်ဆောင်ရွက်မည့် တောင်သူများအနေဖြင့် မြေယာဝန်ဆောင်ခ ရရှိမည့်အပြင် ထည့်ဝင်ထားသည့်ကုန်ကျစရိတ် အချိုးအတိုင်း အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း တို့ကို ဆွေးနွေးပြောကြားသည်။

ခင်ခင်မာ(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်