Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒက္ခိဏသီရိမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


04 Sep,2026

နေပြည်တော် စက်တင်ဘာ ၂

                ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန နေပြည်တော်တိုင်းတာဝန်ခံ အင်ဂျင်နီယာချုပ် ဦးစိုးစိုးဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဒက္ခိဏသီရိမြို့နယ်အတွင်း ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

            ထိုသို့ စစ်ဆေးစဉ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှုများနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့် ကူနှစ်လုံး ဆည်စုအုပ်စု မန်ကျည်းကုန်း - ကျေးစာဥ – ပိတောက်ကုန်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း၊ ဆည်စုကျေးရွာချင်းဆက် ကတ္တရာလမ်းတို့၏ ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သျှင်ဦးမောင်(ဒက္ခိဏ)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်