Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တိုက်ကြီးမြို့နယ် တော်လတီ-ကလော့သော့လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး


04 Sep,2026

တိုက်ကြီး စက်တင်ဘာ ၂

            ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် တော်လတီ-ကလော့သော့လမ်းအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်မည့် အခြေအနေကို ယမန်နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။ တိုက်ကြီးမြို့နယ်၌ ကျေးလက်နေ ပြည်သူများ ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး သွားလာမှုအဆင်ပြေစေရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တော်လတီ-ကလော့သော့ လမ်းအရှည် ၁ မိုင်၊ အကျယ် ၁၂ ပေ၊ ဒု ၇ လက်မ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် လုပ်ငန်းသုံးပစ္စည်းများ စုဆောင်းထားရှိမှုကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်မှ အင်ဂျင်နီယာချုပ် ဦးဇော်မိုးဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်