Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်တန်းမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


04 Sep,2026

ရန်ကုန် စက်တင်ဘာ ၃

            ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ဆောင်ရွက်နေသည့်လုပ်ငန်းများကို စက်တင်ဘာ ၂ ရက်က ကွင်းဆင်း စစ်ဆေးသည်။

         အဆိုပါ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် ကြာကန်-ပီလခတ် ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းအတွက် ပစ္စည်းစုဆောင်းခြင်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(နေပြည်တော်)မှ အင်ဂျင်နီယာချုပ် ဦးဇော်မိုးဦး၊ သန်လျင်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဝင်း၊ ကျောက်တန်းမြို့နယ် ဦးစီးအရာရှိ ဒေါ်ခင်သီတာဟန်၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သန့်ဇင်ထွန်း


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်