Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေကြည်မြို့နယ်၌ လမ်း/တံတားလုပ်ငန်းများ တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး


07 Sep,2026

ရေကြည် စက်တင်ဘာ ၄

            ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကညင်ငူ-နွားရေတိုက်-ငါးတဲစုလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပုသိမ်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး၊ လုပ်ငန်းများ အန္တရာယ်ကင်းရှင်းစွာဆောင်ရွက်ရေး၊ စံချိန်စံညွှန်းများနှင့် အညီ ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

              အဆိုပါလမ်းဆောင်ရွက်ပြီးစီးပါက ကျေးရွာပေါင်း ၂၇ ရွာရှိ ပြည်သူ ၈၀၀၀ ကျော် ရာသီမရွေး အဆင်ပြေလွယ်ကူချောမွေ့ စွာသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကိုကိုဇော်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်