Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အင်္ဂပူမြို့နယ်၌သမဝါယမဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်


06 Sep,2026

အင်္ဂပူမြို့နယ်၊ သမဝါယမဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် (၆.၉.၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီ ၌  ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးသမဝါယမဦးစီးမှူး ဦးကျော်စိုးမင်းက  သမဝါယမကိုအခြေခံ၍စုပေါင်းဆောင်ရွက်သည့်  စနစ်ကျသောစိုက်ပျိုးရေးစနစ်စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊  (၂၀၂၆-၂၀၂၇)သမဝါယမလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု့နှင့်(၂၀၂၇-၂၀၂၈)ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့်တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေများရယူ၍စိုက်ပျိုးရေးလုပ်ငန်းများအားစုပေါင်းလယ်ယာစနစ်ဖြင့်ဆောင်ရွက်ရန်နှင့်မွေးမြူရေးလုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန်ပြောကြား၍ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဒေါက်တာဌေးဝင်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဦးမျိုးသန့်တို့မှ မြန်မာ့မျက်နှာစာသစ်ဖိုရမ်နှင့်ပတ်သက်၍ရှင်းလင်းဆွေးနွေးခဲ့ပြီးစုပေါင်းလယ်ယာစနစ်ဖြင့်ဆောင်ရွက်ရန်နှင့်မွေးမြူရေးလုပ်ငန်းများတို့ချဲ့ဆောင်ရွက်ရန်ပြောကြားခဲ့ပါသည်။အစည်းအဝေးသို့တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ  ဦးကြည်လင်၊   တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး  ဦးဇော်မင်းဆွေ၊    မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှဒု-မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးနေမျိုးအောင်၊အင်္ဂပူမြို့နယ်သမဝါယမဦးစီးဌာနမှဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့်အမှုဆောင်များ၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်တို့မှဦးစီးအရာရှိနှင့်မြို့နယ်သမအသင်းစုဥက္ကဋ္ဌများ၊ ရွှေလဝန်းစိုက် / ထွေသမဝါယမအသင်းနှင့်ကံသာယာစိုက်/ ထွေသမဝါယမအသင်းမှအသင်းသားတောင်သူ(၂၈)ဦးတက်ရောက်ခဲ့ပါသည်။  တက်ရောက်လာ သောအသင်းသားတောင်သူများမှအသင်းလုပ်ငန်းများအားဆွေးနွေးခဲ့ပြီးအစည်းအဝေးကို(၁၂:၀၀)နာရီတွင်ရုပ်သိမ်းခဲ့ပါကြောင်းတင်ပြအပ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်