Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှဝန်ထမ်းများအား ကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြား


07 Sep,2026

မကွေး စက်တင်ဘာ ၇

မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ အမှုထမ်း၀န်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရေး၊ ကွန်ပျူတာပညာရပ်ကို စနစ်တကျကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရေး တို့အတွက်ရည်ရွယ်၍ ကွန်ပျူတာသင်တန်းကို မကွေးမြို့ရှိ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေး ပညာသင်ကျောင်း၌ ရုံးချိန်ပြင်ပတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ သင်တန်းကို ဩဂုတ်လ ပထမပတ်မှစတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဦးစီးဌာနမှ အမှုထမ်းဝန်ထမ်း ၂၅ ဦး တက်ရောက်သင်ကြားလျက်ရှိကာ သင်တန်းနည်းပြ လေးဦးက စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိ‌ကြောင်း သိရသည်။ သင်တန်းကာလမှာ တစ်လခွဲကြာမြင့်မည် ဖြစ်ပြီး ဝန်ထမ်းများ၏ ရုံးလုပ်ငန်းများကို ပိုမိုမြန်ဆန်သွက်လက်စွာ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ် သော ကွန်ပျူတာအခြေခံနှင့် အသုံးချနည်းပညာရပ်များကို အသေးစိတ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သမဝါယမဦးစီးဌာနမှသိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)

မကွေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်