တိုက်ကြီး စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြစိမ်းရောင် စိုက်ပျိုးရေး သမဝါယမအသင်း၏ ဘဲမွေးမြူရေးလုပ်ငန်း One Product One Village (OVOP) အတွက် လိုအပ်သော ပံ့ပိုးချေးငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ကျင်းပသည်။
ပေးအပ်ပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေစေရန်အတွက် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (OVOP) ကဏ္ဍဖြင့် ပံ့ပိုးငွေများ ပေးအပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး ရွာသာကျေးရွာမှ ဘဲမွေးမြူရေး လုပ်ငန်းဆောင်ရွက်နေသည့် အသင်းသားတောင်သူဦးမျိုးနိုင်ကို လိုအပ်သည့် ပံ့ပိုးချေးငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်