Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးစနစ် စီမံကိန်း ရှင်းလင်းဆွေးနွေးပွဲကျင်းပ


10 Sep,2026

ပန်းတောင်း စက်တင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်၌ တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကုန်ထုတ်လုပ်မှုစွမ်းအားမြှင့်တင်နိုင်ရေး သမဝါယမကို အခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးစနစ်စီမံကိန်း ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ သမဝါယမအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်သည်။

ဦးစွာ ပဲခူးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ချောစုလှိုင်က စီမံကိန်း ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ လည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊ ပန်းတောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အမှတ် (၁) ဦးသန်းဇော်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးခင်အောင်ဝင်းတို့က အမှာစကားပြောကြားရာတွင် သမဝါယမအသင်းအဖွဲ့များ၏ စုပေါင်းအားကို အသုံးချ၍ ဒေသတွင်း စိုက်ပျိုးထုတ်လုပ်မှုများကို ခေတ်မီနည်းစနစ်များဖြင့် ကူးပြောင်းကျင့်သုံးနိုင်ရန်၊ မျိုးကောင်းမျိုးသန့်၊ သွင်းအားစုများနှင့် နည်းပညာများကို သက်သာသောနှုန်းထားဖြင့် ထောက်ပံ့ပေး နိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း အသီးသီးပြောကြားခဲ့သည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော သမဝါယမအသင်းသားတောင်သူ များက စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူ များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်