Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မုံရွာခရိုင်၌ သမဝါယမကဏ္ဍမှ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းစဉ်များ ရှင်းလင်း ဆွေးနွေးပွဲကျင်းပ


10 Sep,2026

မုံရွာ စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီးသမဝါယမဦးစီးဌာန မုံရွာမြို့တွင် သမဝါယမကဏ္ဍမှ ဆောင်ရွက်နေသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းများ၊ လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်ရောင်) စီမံကိန်းနှင့် သမဝါယမ စနစ်ကို အခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးစနစ် နှင့် ပတ်သက်၍ စီမံကိန်း လုပ်ငန်းစဉ်များ ခရိုင်အဆင့်ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း၌ အဆိုပါရုံးခန်းမတွင် ကျင်းပသည်။

ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မုံရွာမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) ဒေါ်ကြူကြူစိန်က အဖွင့်အမှာစကား ပြောကြားပြီး မုံရွာခရိုင်အတွင်းရှိ မုံရွာမြို့နယ်၊ အရာတော်မြို့နယ်၊ ချောင်းဦး မြို့နယ်နှင့် ဘုတလင်မြို့နယ်တို့မှ သမဝါယမဦးစီးအရာရှိများက သမဝါယမကဏ္ဍမှ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းစဉ်များကို ရှင်းလင်း‌တင်ပြခဲ့ကြောင်း သိရသည်။

ဖိုးချမ်း-မုံရွာ

စစ်ကိုင်းတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်