Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဧရာဝတီတိုင်းဒေသကြီး သမဝါယမမိသားစုမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်း


10 Sep,2026

လေးမျက်နှာ စက်တင်ဘာ ၁၀

လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာဓမ္မာရုံ ရေဘေးကယ်ဆယ်ရေးစခန်း၌ ဧရာဝတီ တိုင်းဒေသကြီးသမဝါယမမိသားစုက ရေဘေးသင့်ပြည်သူများအား ရေသန့်ဘူး ၁၂၅ ကပ်၊ ခေါက်ဆွဲ ခြောက် ၁၅ ဖာ၊ စုစုပေါင်းတန်ဖိုး (၁၁၃၀၀၀၀/-)ကျပ်အား လှူဒါန်းခဲ့သည်။      

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအား တိုင်းဒေသကြီးသမဝါယမဦးစီး ဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းက စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် သမဝါယမလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ၂၀၂၇-၂၀၂၈ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေများရယူ၍ စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့သည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်