ကြို့ပင်ကောက် စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် မြို့လယ်ချောင်း- မကျီးပင်စု-အုတ်ဖိုတော်တနီကုန်းလမ်း ကွန်ကရစ်ခင်းခြင်းဆောင်ရွက်မည့်အခြေအနေအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးထွန်းဝေ(ပဲခူးတိုင်းတာဝန်ခံ)နှင့် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)တို့က ယနေ့မွန်းလွဲပိုင်းတွင် ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါလမ်းသည် ကြို့ပင်ကောက်မြို့နယ်နှင့် အုတ်ဖိုမြို့နယ် နှစ်ခုအကြား ကျေးရွာချင်းဆက်လမ်းဖြစ်ကာ ကျေးရွာ ၁၅ ရွာရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများကို အကျိုးပြုမည်ဖြစ်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် သန်း ၁၉၀ ဖြင့် လမ်းအရှည် သုည ဒသမ ၂၅ မိုင်အား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်