Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းလှ-လှည်းကူး-ညောင်ဝန်း-အိုးသည်ကုန်းလမ်းပေါ်ရှိ အုတ်ခုံခံသစ်သားတံတားပြုပြင်ရန် ကွင်းဆင်းစစ်ဆေး


14 Sep,2026

မင်းလှ စက်တင်ဘာ ၁၀

          ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် သန်း ၁၄၀ ဖြင့် တာဝန်ယူဆောင်ရွက်မည့် မင်းလှ- လှည်းကူး-ညောင်ဝန်း- အိုးသည်ကုန်းလမ်းပေါ်ရှိ အုတ်ခုံခံသစ်သားတံတားပြုပြင်ရန် အခြေအနေကို စက်တင်ဘာ ၉ ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ပဲခူးတိုင်းဒေသကြီး တာဝန်ခံအင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် တာဝန်ရှိသူများနှင့်အတူ ဌာနမှ တာဝန်ယူဆောင်ရွက်သည့် မင်းလှ-လှည်းကူး-ညောင်ဝန်း-အိုးသည်ကုန်းလမ်းပေါ်ရှိ အရှည် ပေ ၉၀ အုတ်ခုံခံသစ်သားတံတားအား ရေလယ်တိုင်တံတားကြမ်းခင်း ဘီးနင်းနှင့်လက်ရန်းတိုင်များ အစားထိုးလဲလှယ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်