တာချီလိတ် စက်တင်ဘာ ၁၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်တွင် ရန်ရှင်း - ဘာဘီး (၁)(၂)(၃)(၄)(၅) - ပန်တော်ချေ ကျေးရွာချင်းဆက် လမ်းကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး ကွင်းဆင်းတိုင်းတာခြင်းကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ဆောင်ရွက် ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်း၊ တာချီလိတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရဲလွင်နှင့် တာဝန်ရှိသူများက လမ်းအရှည် ၃ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ဒု ကိုးလက်မရှိ ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ရန် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်