အုတ်ဖို စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေ ကျပ် ၁၃၆ ဒသမ ၄၄၀ သန်းဖြင့် တာဝန်ယူဆောင်ရွက်သည့် အုတ်ဖို- အိုးသည်ကုန်းဖြတ်လမ်း လမ်းချိုင့်ခွက်များ ကျောက်ဖြည့်ပြုပြင်ခြင်းနှင့် အပွန်းခံလွှာခင်းပြုပြင်ခြင်းလုပ်ငန်း အခြေအနေကို စက်တင်ဘာ ၉ ရက်က တာဝန်ရှိသူများကွင်းဆင်း စစ်ဆေးသည်။
ကွင်းဆင်းစစ်ဆေးရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ပဲခူးတိုင်းဒေသကြီး တာဝန်ခံ အင်ဂျင်နီယာချုပ် ဦးထွန်းဝေနှင့် တာဝန်ရှိသူများသည် မိုးညိုအောင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်သည့် အုတ်ဖို- အိုးသည်ကုန်းဖြတ်လမ်း လမ်းချိုင့်ခွက်များ ကျောက်ဖြည့်ပြုပြင်ခြင်းနှင့် အပွန်းခံလွှာခင်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ရန် အခြေအနေများကို ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်